Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက်က မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၁၆ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၊ အောင်မင်္ဂလာ(၉)လမ်းဘေး၌ ဖဲရိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ အောင်လံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လမ်းဘေး၌ စမ်းချောင်းရပ်ကွက်နေသူများဖြစ်သည့် ဇော်ဇော်မောင်(၃၈)နှစ်၊ ထွန်းမင်းနိုင်(၃၈)နှစ်၊ ရန်နိုင်စိုး(၃၇)နှစ်နှင့် ဇော်ဇော်ထွေး(၂၇)နှစ်တို့ လေးဦးအား ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်းဖမ်းဆီးရမိ ခဲ့သဖြင့် ဇော်ဇော်မောင်ပါ လေးဦးအား အောင်လံမြို့မရဲစခန်း (ပ)၆၀/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူ အမျိုးသား လေးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။