၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ အေးမေတ္တာလမ်းဆုံ အရောက်၌ လမ်းလျှောက်လာသည့် အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ ဝေလင်း(ခ)ငလင်း(၃၆)နှစ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိသိမ်းဆည်း ဖမ်းဆီးရမိခဲ့သဖြင့် ဝေလင်း(ခ)ငလင်း အား အောင်ပန်းနယ်မြေရဲစခန်း (ပ)၇၉/၂၀၂၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။