၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဆိုင်ကယ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် မောင်းနှင်သူ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၆ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ နမ့်ဟူးကျေးရွာလမ်းပေါ်၌ ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရာ အေးသာယာမြို့မှ ပလီလင်းကျေးရွာသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာနေ တင်မိုးဝင်း(၃၆)နှစ် မောင်းနှင်လာသည့် MDY-XXXX HONDA DREAM 110 ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ၎င်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် တင်မိုးဝင်း အား အေးသာယာနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုကြောင့် မောင်းနှင်သူ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။