Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ဂေါက်သီးလုံးမီးပွိုင့်အနီး၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် နံနက် ၈ နာရီ ၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ ဂေါက်သီးလုံးမီးပွိုင့်အနီး၌ ယာဉ်မောင်း ဒေါ်ဝင်းဝင်းဆွေ မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-30/9Q-XXXX SOUEAST DX 7 မီးခိုးရောင် မော်တော်ယာဉ်သည် မောင်းနှင်နေစဉ် အင်ဂျင်ခန်းရှိ ဘက်ထရီအိုးနှင့် ချိတ်ဆက်ထားသော ဝိုင်ယာကြိုးများ အပူလွန်ကဲ၍ ရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၂၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါဖြစ်စဉ်ကြောင့် SOUEAST DX 7 မီးခိုးရောင် မော်တော်ယာဉ်၏ ဆေးဘော်ဒီ၊ ရှေ့ဘီး နှစ်ဘီး၊ ရှေ့/နောက် လေကာမှန်၊ ရှေ့မီးသီး နှစ်စုံ၊ ဘက်ထရီ တစ်လုံး၊ ဝိုင်ယာကြိုးများ၊ အတွင်းကူရှင်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဒေါ်ဝင်းဝင်းဆွေ အား အင်းစိန်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။