၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ရပ်ကွက်(၁)၊ နောင်လျန့်ရွာ၊ အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းအနီး၌ ပိုင်ရှင် ဦးခင်မောင်ဆွေ ၃၂ x ၂၄ ပေ၊ အုတ်ညှပ်၊ သွပ်မိုး၊ အုတ်ခင်း တစ်ထပ် နေအိမ်၏ မီးဖိုဆောင်တွင် လူစောင့်မရှိဘဲ လျှပ်စစ်ရေးနွေးအိုး တည်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် လေးစီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီတွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၃၂ x ၂၄ ပေ၊ အုတ်ညှပ်၊ သွပ်မိုး၊ အုတ်ခင်း တစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးခင်မောင်ဆွေ အား ကျိုင်းတုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။