Language: Myanmar English

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်သည့် ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက် နံနက် ၁၁ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်သည့် ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ငါးမွေးတောင်သူများ၊ စုစုပေါင်း ၇၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး ငါးသားပေါက်ကောင်ရေ ၅၆,၄၃၀ ကောင်အား ငါးမွေးတောင်သူ ၄၀ ဦးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရာဂီမုန်တိုင်းကြောင့် ရေကြီးနစ်မြုပ်သည့် ငါးမွေးတောင်သူများထံသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။