၂၀၂၅ ခုနှစ်၊ ဇွန် ၁၆ ရက် နံနက် ၉ နာရီ၊ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၅ လမ်း၊ ၂၇ x ၂၈ လမ်းကြား၊ ဆုတောင်းရဘုရားဝင်းအတွင်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီရုံး)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဝန်ထမ်းများ၏ သား/သမီး များအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ သား/သမီးများ စုစုပေါင်း ၇၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီရုံး)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဝန်ထမ်းများ၏ သား/သမီးများအား ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။