Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ စက်ဘီးဖြင့် လမ်းဖြတ်ကူးသူအား တိုက်မိခဲ့မှုကြောင့် စက်ဘီးစီးနင်းလာသည့် အမျိုးသား သေဆုံးကာ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ စက်ဘီးဖြင့် လမ်းဖြတ်ကူးသူအား တိုက်မိခဲ့မှုကြောင့် စက်ဘီးစီးနင်းလာသည့် အမျိုးသား သေဆုံးကာ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဇွန် ၁၇ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သံတံတားကျေးရွာနေ ဦးဝင်းမြင့်(၅၅)နှစ် မောင်းနှင်လာသည့် BGO-11/ 2J-XXXX ISUZU TRUCK အဖြူရောင်မော်တော်ယာဉ်သည် ရွှေဝါ(၂)လမ်းထိပ်အရောက်၌ စက်ဘီးဖြင့် လမ်းဖြတ်ကူးသည့် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်နေ ဦးကြည်သန်း(၇၅)နှစ် စီးနင်းပြီး အဆိုပါရပ်ကွက်နေ မရွှေရည်ဘုန်းမြင့်(ခြောက်နှစ်) လိုက်ပါလာသည့် စက်ဘီးအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးကြည်သန်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး မရွှေရည်ဘုန်းမြင့်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဦးဝင်းမြင့် အား အင်းစိန်မြို့မရဲစခန်း(ပ)၂၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ စက်ဘီးဖြင့် လမ်းဖြတ်ကူးသူအား တိုက်မိခဲ့မှုကြောင့် စက်ဘီးစီးနင်းလာသည့် အမျိုးသား သေဆုံးကာ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။