Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအခြေခံ ရှေးဦးပြုစုနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ ကြက်ခြေနီအခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။