Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၌ တီဘီရောဂါ အခမဲ့ဆေးဝါးကုသပေးနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၌ တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေး အဖွဲ့၏ အထူးကုဆရာဝန်များအဖွဲ့မှ တီဘီရောဂါ ရွေ့လျားရှာဖွေဆောင်ရွက်ခြင်း (TB Mobile Team Activity) ဖြင့် ကွန်ပျူတာဓာတ်မှန်ရိုက်စစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းတို့ကိုအခမဲ့ ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း၌ တီဘီရောဂါ အခမဲ့ဆေးဝါးကုသပေးနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။