၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် နံနက် ၈ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်ရှိ မဟာကန်တော်ကြီး၌ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်လင်းထွေး၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး အဆိုပါအခမ်းအနားတွင် တက်ရောက်လာသူများက ကန်အတွင်းသို့ ငါးသားပေါက် ကောင်ရေ ၁၅၀,၀၀၀ အား ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်ရှိ မဟာကန်တော်ကြီး၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။