၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်အား ဝင်ရောက်တိုက်ခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်းမကြီးပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မတ္တရာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ဘုရင့်နောင်လမ်းမကြီးအတိုင်း တောင်မှ မြောက်သို့ မတ္တရာမြို့၊ အမှတ်(၂)ရန်ကင်းရပ်ကွက်နေ ကိုအောင်မျိုးသူ(၂၇)နှစ် မောင်းနှင်ပြီး တစ်ရပ်ကွက်တည်းနေသူများဖြစ်သည့် ဦးဇော်ဇော်(၄၂)နှစ်၊ ဦးညီညီမောင်(ခ)ဖိုးညီ (၃၁)နှစ်၊ ကိုဇော်ဦးအောင်(၂၅)နှစ်နှင့် ကိုအောင်သဲဦး(၂၆)နှစ်တို့ လိုက်ပါလာသည့် MDY-10/8M-XXXX LIGHT TRUCK အဖြူရောင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းရှိ ဓာတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးဇော်ဇော်တွင် ထိခိုက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အောင်မျိုးသူပါ လေးဦးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ကိုအောင်မျိုးသူ အား မတ္တရာမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ မော်တော်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဓာတ်တိုင်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။