Language: Myanmar English

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ သီဟဆောင်အနောက်ဘက် မြေထိန်းနံရံဆောင်ရွက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

    ၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သမိုင်းဝင်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ သီဟဆောင်အနောက်ဘက်မြေထိန်းနံရံ ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ အဖွဲ့ဝင်များမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သမိုင်းဝင်ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ သီဟဆောင်အနောက်ဘက် မြေထိန်းနံရံဆောင်ရွက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။