၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ဓားရှည် တစ်ချောင်း ကိုင်ဆောင်သွားလာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၈ ရက် ည ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရွာတော်မြောက်ကျေးရွာအရောက်၌ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်တောင်ကျေးရွာနေ သော်ဇင်မိုး(၂၅)နှစ်အား အရိုး/အသွား ၂၀ လက်မခန့်ရှိ ဓား တစ်ချောင်း ကိုင်ဆောင်၍ သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သော်ဇင်မိုး အား ကျည်တောင်ကန်နယ်မြေရဲစခန်း (ပ)၁၅/၂၀၂၅၊ လက်နက်ဥပဒေ ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ဓားရှည်ကိုင်ဆောင်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။