Language: Myanmar English

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၁၈ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဧရာရပ်ကွက်၊ ပြည်နယ်ဂေါက်ကွင်းရှေ့လမ်းမပေါ်၌ အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ အောင်တူး(၄၁)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် MDY-17/6K-XXXX ODYSSEY အဖြူရောင် မော်တော်ယာဉ်နှင့် တပ်ကုန်းရပ်ကွက်နေ ဆိုင်းဒူအောင်(၃၅)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN-18/7L-XXXX INSIGHT အဖြူရောင်မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် အောင်တူးနှင့် ဆိုင်းဒူအောင် တို့နှစ်ဦးအား မြစ်ကြီးနားနယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။