Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောရှိ မော်တော်ယာဉ် နှစ်စီးအား ဆင့်တိုက်မှု

    ၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောရှိ မော်တော်ယာဉ် နှစ်စီးအား ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၁၈ ရက် ည ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် အမှတ်(၂)လမ်းဆုံတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၂၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြောက်မှ တောင်သို့ မြောက်ဥက္ကလာပမြို့နယ်နေ သက်ထွန်းမင်း(၄၂)နှစ် မောင်းနှင်လာသည့် BGO-3/4J-XXXX HYUNDAI PORTER II ယာဉ်သည် အမှတ်(၂)လမ်းဆုံအရောက် ယာဘက်သို့ချိုးကွေ့စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိကာ မီးနီ၍ ရပ်တန့်ထားသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ဦးပိုင်မင်းစိုး(၄၄)နှစ် မောင်းနှင်သည့် YGN-8/2E-XXXX TOYOTA BB ယာဉ်နှင့် ရွှေပြည်သာမြို့နယ်နေ ကိုဉာဏ်လင်းထက်(၃၀)နှစ် မောင်းနှင်သည့် BGO-27/1S-XXXX KARRY YOKI ယာဉ်တို့အား အဆင့်ဆင့်တိုက်မိခဲ့သဖြင့် မော်တော်ယာဉ် သုံးစီး အသီးသီးပျက်စီးဆုံးရှုံးခဲ့သောကြောင့် သက်ထွန်းမင်း အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောရှိ မော်တော်ယာဉ် နှစ်စီးအား
ဆင့်တိုက်မှု မှတ်တမ်းဓာတ်ပုံ။