၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်၌ မော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၀ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သနပ္ပင်ကျေးရွာအနီး၌ မော်တော်ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ခြောက်လမ်း သွားလမ်းအတိုင်း တောင်မှ မြောက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အုတ်ဖိုစုရပ်ကွက်နေ အောင်ဇော်လတ်(၂၂)နှစ် မောင်းနှင်သည့် YGN-33/4E-XXXX HINO TRACTOR HEARD ကုန်သေတ္တာတင် မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် ၃ မိုင် ၂ ဖာလုံအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်ခဲ့သောကြောင့် အောင်ဇော်လတ် အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၁၈/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ မော်တော်ယာဉ်
တစ်စီး တိမ်းမှောက်မှု မှတ်တမ်းဓာတ်ပုံ။