၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၀ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ စိမ်းလဲ့ကန်သာ(၁)လမ်း၌ အဆိုပါကျေးရွာနေ ဝင်းဇော်လတ်(၃၉)နှစ် မောင်းနှင်သည့် TNI-8/5M-XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ဝင်းဇော်လတ် အား မြိတ်မြို့မရဲစခန်း (ပ)၁၃၂/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း။
အလားတူ ဇွန် ၂၀ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုတ်ပြင်း-ကော့သောင်းကားလမ်း၌ ကရသူရိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကရသူရိမြို့၊ ရွှေဘုံသာရပ်ကွက်နေ စိုးမိုးကိုကို(၂၃)နှစ် မောင်းနှင်သည့် TNI-6/6K-XXXX ISUZU D-Max မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် စိုးမိုးကိုကို အား ကရသူရိနယ်မြေရဲစခန်း (ပ)၈/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့၌ လိုင်စင်မဲ့
မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။