၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက် မွန်းလွဲ ၁ နာရီတွင် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ ဗထူးတပ်နယ် အားကစားကွင်း၌ ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှု အခမ်းအနား၌ တပ်နယ်မှ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်ဦးစီး ဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဇာတ်တိုက်ပူးပေါင်းလေ့ကျင့်နေမှု အခြေအနေများအား ဗထူး တပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ဗထူးတပ်နယ် အားကစားကွင်း၌ သဘာဝ
ဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ကူညီကယ်ဆယ်မှုလုပ်ငန်းများ ဇာတ်တိုက်
လေ့ကျင့်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။