၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ဓားကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ သဲကောကျေးရွာ၌ အမျိုးသား တစ်ဦး ဓားကိုင်ဆောင်ရမ်းကားနေကြောင်း သတင်းအရ ဒိုက်ဦးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ သန့်ဇင်(၄၇)နှစ်သည် ရွာလယ် လမ်းမပေါ်၌ ဓားမ တစ်ချောင်းအား ကိုင်ဆောင်ကာ ရမ်းကားနေသည်ကို တွေ့ရှိရသဖြင့် သန့်ဇင် အား ဒိုက်ဦးမြို့မရဲစခန်း (ပ)၉၁/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ဓားကိုင်ဆောင်ရမ်းကားသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။