၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၀ ရက် ည ၁၀ နာရီတွင် ပြင်ဦးလွင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ စုပေါင်းလမ်းဆုံ အရောက်၌ ဈေးလေးမီးပွိုင့်ဘက်မှ ဂန္ဓမာမြိုင်အဝိုင်းဘက်သို့ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၉)နေ ရန်ဝင်းအောင်(ခ)ဖိုးတုတ်(၃၅)နှစ် မောင်းနှင်သည့် MDY-20/6F-XXXX HONDA FIT ခဲရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ရန်ဝင်းအောင်(ခ)ဖိုးတုတ် အား ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၁၂၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။