Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဝိုင်ယာရှော့ဖြစ်ရာမှ မော်တော်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွား

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဝိုင်ယာရှော့ ဖြစ်ရာမှ မော်တော်ယာဉ် တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီး၌ မော်တော်ယာဉ် တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ သံရွာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်ဘက်မှ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာ ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ တောင်ရွာရပ်ကွက်နေ အောင်ချမ်းဖြိုး(၃၀)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ ချောနုလှိုင်(၄၀)နှစ် လိုက်ပါလာသည့် MDY-17/9N-XXXX HONDA INSIGHT မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ဘေးရှိ ပြောင်းခင်း ထဲသို့ ထိုးကျ၍ Battery ဝိုင်ယာရှော့ဖြစ်ကာ မီးလောင်ပျက်စီးခဲ့သဖြင့် အောင်ချမ်းဖြိုး အား သံရွာ နယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဝိုင်ယာရှော့ဖြစ်ရာမှ မော်တော်ယာဉ် တစ်စီး မီးလောင်မှု မှတ်တမ်းဓာတ်ပုံ။