Language: Myanmar English

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၁ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာအနီး၌ ရွှေကူမြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသည့် “ရွှေကူစတား” ယာဉ်လိုင်းမှ HIACE အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ဇော်မင်း(၅၀)နှစ်နှင့် ခင်စန်းတင့်(၄၉)နှစ်တို့ နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၆၀၀ ပြား (တစ်ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၇၂ သိန်း)၊ ဘိန်းဖြူ ၀ ဒသမ ၀၉၉ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၄၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၃၉ ဒသမ ၆ သိန်း)တို့အား ဖမ်းဆီးရမိသဖြင့် ဇော်မင်းနှင့် ခင်စန်းတင့်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။