Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဇွန် ၂၂ ရက် နံနက် ၄ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ ကမ်းနားလမ်း၊ ပေပင်သဲဆိပ်အရောက်၌ အဆိုပါရပ်ကွက်နေ မျိုးမင်းထွန်း(၅၃)နှစ် မောင်းနှင်လာသည့် 1U-XXXX သုံးဘီး ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ တရားမဝင်သယ်ဆောင်လာသည့် ဒီဇယ်ပီပါ ၃ လုံး၊ ၁၅၀ ဂါလန်ခန့်အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် မျိုးမင်းထွန်း အား မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်း (ပ)၁၀၁/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ဒီဇယ်ဆီများ တရားမဝင်သယ်ဆောင်လာသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။