၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် လေးစီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးဂိတ်၌ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မိုးညှင်းမြို့ဘက်မှ နန့်စီးအောင်ကျေးရွာဘက်သို့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာ ဇော်ထွေး(၂၅)နှစ် မောင်းနှင်လာသည့် MDY/2J-XXXX MITSUBISHI PAJERO မော်တော်ယာဉ်၊ မိုးညှင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာ မြင့်လင်းထွန်း(၃၅)နှစ် မောင်းနှင်လာသည့် YGN/4E-XXXX NISSAN ADVAN မော်တော်ယာဉ်၊ မိုးညှင်းမြို့နယ်၊ မြေနုကျေးရွာနေ သိန်းဇော်ဦး(၃၀)နှစ် မောင်းနှင်လာသည့် MDY/3P-XXXX NISSAN ADVAN မော်တော်ယာဉ်နှင့် မိုးညှင်းမြို့နယ်၊ လုံးစန့်ရွာသစ်ကျေးရွာနေ အောင်ထွန်းနိုင်(၂၆)နှစ် မောင်းနှင်လာသည့် MDY/3I-XXXX MITSUBISHI PAJERO မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက် အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇော်ထွေး၊ မြင့်လင်းထွန်း၊ သိန်းဇော်ဦးနှင့် အောင်ထွန်းနိုင်တို့ လေးဦးအား မိုးညှင်းမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် လေးစီး ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။