၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ မြို့မဈေးရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ဖွင့်လှစ်သည့် ပင်လယ်ငါးဖမ်းရေလုပ် သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရေလုပ်ငန်းရှင်များနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ မြို့မဈေးရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ဖွင့်လှစ်သည့် ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။