၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒူးကျေးရွာခန်းမ၌ နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ကွင်းဆင်းတွေ့ဆုံခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ မုဒူးကျေးရွာခန်းမ၌ နယ်မြေတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ကွင်းဆင်းတွေ့ဆုံခြင်း အခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံ။