၂၀၂၅ ခုနှစ်၊ ဇွန် ၂၂ ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၂ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မြစ်ကြီးနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြေမြင့်ရပ်ကွက်နေ ဇော်ဆိုင်းအောင်(၃၄)နှစ် မောင်းနှင်သည့် YGN-25/3L-XXXX TOYOTA KLUGER အဖြူရောင်မော်တော်ယာဉ်နှင့် အေးစေတီရပ်ကွက်နေ သော်ဇင်ဟိန်း(၄၃)နှစ် မောင်းနှင်သည့် KCN-16/7N-XXXX HONDA FIT အဖြူရောင် မော်တော်ယာဉ်တို့အားလည်းကောင်း။
အလားတူ ဇွန် ၂၂ ရက် ည ၁၀ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွာသစ်ကုန်းကျေးရွာနေသူများဖြစ်သည့် အောင်ဖြိုး(၃၂)နှစ် မောင်းနှင်သည့် MDY-17/7J-XXXX PAJERO ခဲရောင်မော်တော်ယာဉ်နှင့် နေအံ့ခိုင်(၄၃)နှစ် မောင်းနှင်သည့် MDY-15/9N-XXXX PAJERO မော်တော်ယာဉ်တို့အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါ မော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇော်ဆိုင်းအောင်၊ သော်ဇင်ဟိန်း၊ အောင်ဖြိုးနှင့် နေအံ့ခိုင်တို့ လေးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။