၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက် နံနက် ၂ နာရီ ၂၅ မိနစ်ခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာနှင့် စွပ္ပနူးကျေးရွာကြားရှိ ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် ရော်ဘာသိုလှောင်ရုံ၌ ခြင်ဆေးခွေအား အောက်ခံခွက်မပါပဲ သစ်သားခုံပေါ်တွင် ထွန်းထားရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကသာနယ်မြေမီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် အဆောက်အအုံ တစ်လုံး၊ ရော်ဘာအညံ့စား ပေါင်ချိန် ၈၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် မန်နေဂျာ ဦးအောင်ကိုလတ် အား သိမ်ဇရပ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။