၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုအနောက်ရပ်ကွက်၊ ဦးဖိုးထူးလမ်းပေါ်၌ မိုးရွာသွန်းမှုကြောင့် လုံးပတ် ၄ ပေ၊ အမြင့် ၄၀ ပေခန့်ရှိ တမာပင်သည် မြေပွ၍ လမ်းဘေးတွင်ရပ်ထားသော YGN-35/5E-XXXX PROBOX အဖြူရောင်ယာဉ်ပေါ်သို့ လဲကျနေကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၄၁ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် PROBOX အဖြူရောင်ယာဉ်၏ အမိုးအနည်းငယ်နှင့် လေကာမှန် ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။