Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၂)ရပ်ကွက်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်သည့် “သွား” ရောဂါ လူနာရှင်များအား ကုသခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ကြည့်ရှုအားပေး 

    ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၂)ရပ်ကွက်၌ မြို့နယ်ပြည်သူ့ဆေးရုံသို့ နယ်လှည့်ကွင်းဆင်းကုသခြင်းအစီအစဉ်ဖြင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် “သွား” ရောဂါ လူနာရှင်များအား ကုသခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၂)ရပ်ကွက်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်သည့် “သွား” ရောဂါ လူနာရှင်များအား ကုသခြင်းလုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံ။