၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ စူဠာမုနိကုသိုလ်တော်ဘုရားကြီးကျောင်း၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ချီးမြှင့်ဆက်ကပ်သော ဘွဲ့တံဆိပ်တော်များကို သံဃာတော်အရှင်သူမြတ် ၆ ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ မင်္ဂလာအခမ်းအနားသို့ ဗထူးတပ်နယ်မှူး ဗိုလ်မှူးချုပ် နိုင်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ စူဠာမုနိကုသိုလ်တော်ဘုရားကြီးကျောင်း၌ သံဃာတော်များအား ဘွဲ့တံဆိပ်တော်ဆက်ကပ်ပွဲ အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။