Language: Myanmar English

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

    ၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များအား ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။