Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ၉ ဦးအား ဖမ်းဆီးအရေးယူ

    ၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်သူ အမျိုးသား ၉ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၂၄ ရက် ညနေ ၄ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ရွာထောင်ရပ်ကွက်နေ မျိုးခိုင်(၅၀)နှစ်၏နေအိမ်၌ ကြက်တိုက်လောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ စစ်ကိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ  အမျိုးသား ၁၄ ဦးခန့်မှာ ထွက်ပြေးသွားခဲ့ပြီး အိမ်ရှင်ဖြစ်သူ မျိုးခိုင်နှင့် တစ်ရပ်ကွက်တည်းနေသူများဖြစ်သည့် နိုင်ဝင်း(ခ)ကိုလီ(၄၄)နှစ်၊ မင်းမင်းထူး(၃၂)နှစ်၊ ကိုမင်း(၃၀)နှစ်၊ သက်နိုင်ထွန်း(၄၃)နှစ်၊ ကျော်ဇင်(၂၇)နှစ်၊ ဇော်မင်းထိုက်(၄၅)နှစ်၊ အောင်ဖြိုးဝေ(ခ)အာကာဖြိုး(၂၀)နှစ်နှင့် ခိုင်ဇော်ငြိမ်း(ခ)ကိုတိုး(၃၂)နှစ်တို့ ၉ ဦးအား တိုက်ကြက်ဖ ၂ ကောင်၊ ကြက်တိုက်လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ၊ မော်တော်ဆိုင်ကယ် ၁၇ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မျိုးခိုင်ပါ  ၉ ဦးနှင့် အမျိုးသား ၁၄ ဦး(စိစစ်ဆဲ)တို့အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၃၂၁/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်းနှင့် ကျန်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။