၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၅ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားစီးနင်းသူ ရွှေဘိုမြို့၊ အမှတ်(၈)ရပ်ကွက်နေ သန့်ဇင်သော်(ခ)အပု(၃၀)နှစ်၊ အမှတ်(၄)ရပ်ကွက်နေ မသင်း(၄၆)နှစ်နှင့် ချီပါကျေးရွာနေ မသီသီခိုင်(ခ)ဒေါ်သီ(၄၃)နှစ်နှင့် အမှတ်(၁၀)ရပ်ကွက်နေ မမျိုး(၄၁)နှစ်တို့ လေးဦးအားလည်းကောင်း။
အလားတူ ဇွန် ၂၅ ရက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်နှင့် ပေါင်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားစီးနင်းသူများဖြစ်သည့် မော်လမြိုင်မြို့နယ်၊ ဖက်တန်းရပ်ကွက်နေ မြင့်ဇော်(ခ)ရားဂျားကူမာ(၄၃)နှစ်၊ ချောင်းဆုံမြို့နယ်၊ စော်ကဲကျေးရွာနေ စန်းမြင့်(၅၃)နှစ်၊ သံဖြူဇရပ်မြို့နယ်၊ အောင်ဇေယျရပ်ကွက်နေ ဇော်ဇော်(၄၆)နှစ်၊ မုဒုံမြို့နယ်၊ ဆက်သွယ်ကျေးရွာနေ မိုးမိုး(၃၇)နှစ်၊ ပေါင်မြို့နယ်၊ ကုလားကုန်းကျေးရွာနေ ကျော်ငယ်ထွေး(၂၀)နှစ်နှင့် ကဒုံစီးရပ်ကွက်နေ ကျော်ကျော်(၅၅)နှစ်တို့ ငါးဦးအားလည်းကောင်း။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားစီးနင်းသူ (၃၉)ရပ်ကွက်နေ သန့်ဇင်(၃၀)နှစ်နှင့် တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်နေသူ နေမျိုး(၄၂)နှစ်တို့ နှစ်ဦးအားလည်းကောင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။



စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား
ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။