၂၀၂၅ ခုနှစ်၊ ဇွန် ၂၄ ရက်နှင့် ၂၅ ရက်က ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၄ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ ဆွမ်ပရာဘွမ်လမ်းနှင့် ပြည်ထောင်စုလမ်းဆုံမီးပွိုင့်၌ မြစ်ကြီးနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်နေ အောင်ပြည့်စုံ(၃၆)နှစ် မောင်းနှင်လာသည့် MDY-15/6C-XXXX TOYOTA MARK II အဖြူရောင်မော်တော်ယာဉ်နှင့် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်နေ ရစ်လနန်မုန်ဝေါင်(၂၉)နှစ် မောင်းနှင်လာသည့် MDY-11/2H-XXXX HONDA FIT အနက်ရောင်မော်တော်ယာဉ်တို့အားလည်းကောင်း။
အလားတူ ဇွန် ၂၅ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မြစ်ကြီးနားခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နမ္မတီးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်နေသူများဖြစ်ကြသည့် ခန့်နိုင်ထွန်း(၂၆)နှစ် မောင်းနှင်လာသော YGN-7/7I-XXXX HONDA FIT အဖြူရောင်မော်တော်ယာဉ်နှင့် ဇော်ဝင်း(၅၂)နှစ် မောင်းနှင်လာသော SHN-18/5L-XXXX TOYOTA LANDCRUISER အဖြူရောင်မော်တော်ယာဉ်တို့အားလည်းကောင်း။
ထို့အတူ မွန်းလွဲ ၁၂ နာရီတွင် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြစ်ကြီးနားမြို့ဘက်မှ တနိုင်းမြို့ဘက်သို့ မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်နေကြသူများဖြစ်သည့် ဝေဖြိုးနိုင်(ခ)နေတိုး(၂၁)နှစ် မောင်းနှင်လာသည့် MDY/4G-XXXX MITSUBISHI PAJERO ခဲရောင်မော်တော်ယာဉ်နှင့် ကျော်ဇင်မင်း(၄၁)နှစ် မောင်းနှင်လာသည့် YGN/3K-XXXX TOYOTA PROBOX ခဲရောင်မော်တော်ယာဉ်တို့အားလည်းကောင်း။
ထို့အတူ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ဒရယ်မီးလမ်းဆုံ၌ ဒိုက်ဦးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့နယ်၊ ဘိုင်းဒါးကျေးရွာနေ အောင်တက်လူသိန်း(၃၀)နှစ် မောင်းနှင်လာသည့် MDY-16/3M-XXXXX DAIHATSU HIJET အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း။
ထို့အတူ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၃၂ x ၇၇ လမ်းဆုံ၌ ချမ်းအေးသာစံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ၃၁ လမ်းဘက်မှ ၃၂ လမ်းဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်နေ မင်းမင်းခိုင်(၂၈)နှစ် မောင်းနှင်လာသည့် BGO-11/3N-XXXX DAIHATSU HIJET အဖြူရောင်မော်တော်ယာဉ်အားလည်းကောင်း။
ထို့အတူ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၂)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အောင်မြေသာစံမြို့၊ ဥပုသ်တော် ရပ်ကွက်၊ ၉ x ၇၄(A) လမ်းထောင့်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊ (ဇ)ရပ်ကွက်နေ သူရထွန်းဇော်(၃၁)နှစ် မောင်းနှင်လာသည့် SHN-18/2L-XXXX HONDA FIT အနက်ရောင် မော်တော်ယာဉ်အားလည်းကောင်း။
ထို့အတူ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဒိုးပင်ကျေးရွာနေ အောင်မျိုးဦး(၃၀)နှစ် မောင်းနှင်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘုရားကုန်းကျေးရွာနေ သက်လွင်ဦး(၃၇)နှစ် လိုက်ပါလာသည့် KYN/2H-XXXX HIJET မော်တော်ယာဉ်အားလည်းကောင်း။
ထို့အတူ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်/ထွက်ဆင်ဖြူဂိတ်၌ အမှတ်(၁၂၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မူဆယ်မြို့၊ ဟိုနားရပ်ကွက်နေ သက်လင်းအေး(၂၅)နှစ် မောင်းနှင်လာသည့် 2R-XXXX ZOTYE AUTO အနက်ရောင်မော်တော်ယာဉ်အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်ပြည့်စုံ၊ ရစ်လနန်မုန်ဝေါင်၊ ခန့်နိုင်ထွန်း၊ ဇော်ဝင်း၊ ဝေဖြိုးနိုင်(ခ)နေတိုး၊ ကျော်ဇင်မင်း၊ အောင်တက်လူသိန်း၊ မင်းမင်းခိုင်၊ သူရထွန်းဇော်၊ အောင်မျိုးဦး၊ သက်လွင်ဦးနှင့် သက်လင်းအေးတို့ ၁၂ ဦးအား သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။