Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စများနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ကာယကံရှင်များအား တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနား ကျင်းပ 

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၁၅)အတွက် ပုံစံ(၂)၊ (၅)၊ (၆)များ ဆင့်ခေါ်သည့်ကိစ္စများနှင့် ပတ်သက်၍ မိသားစုဝင်များနှင့် ကာယကံရှင်များအား တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းထွန်း၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိသားစုဝင်များနှင့် ကာယကံရှင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး 
ဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးကိစ္စများနှင့် ပတ်သက်၍ မိသားစုဝင်
 များနှင့် ကာယကံရှင်များအား တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနား ကျင်းပမှုူ မှတ်တမ်းဓာတ်ပုံ။