Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်းအတွင်း၌ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား ကျင်းပ

      ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ် ရပ်နားကွင်းအတွင်း၌ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်း၊ ရန်ကုန်တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၄၂၀ ဦး တက်ရောက်ခဲ့ကြောင်း  သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာ၊
ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဉ်ရပ်နားကွင်းအတွင်း၌ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် 
တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိမူးယစ်
ဆေးဝါးနှင့် ဓာတုပစ္စည်းများအား မီးရှို့ဖျက်ဆီးပွဲအခမ်းအနား 
ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။