Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ အကွက်(အပိုင်း-၈)တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့်အဆောက်အအုံများ ရှင်းလင်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ အကွက်(အပိုင်း-၈)တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများ ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ်(ကြည်း၊ ရေ၊ လေ)ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများမှ လိုက်ပါ၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)
ရပ်ကွက်၊ အကွက်(အပိုင်း-၈)တွင် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသည့်
အဆောက်အအုံများ ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအား 
ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။