၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဝိုင်ယာကြိုးများ ခိုးယူလာသူ အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၆ ရက် ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ်(၄၃၇၃) အနီး၌ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာနေသူများဖြစ်ကြသည့် ရဲမင်းထွန်း(၂၆)နှစ်၊ ကျော်ဇင်ဌေး(၁၇)နှစ်နှင့် နေမျိုးထိုက်(၃၃)နှစ်တို့ သုံးဦးအား ဆာလာအိတ်များဖြင့် မသင်္ကာဖွယ် တွေ့ရှိရ၍ စစ်ဆေးမေးမြန်းခဲ့ရာ ဆာလာအိတ်အတွင်းမှ ဝိုင်ယာကြိုး ၁၉ ပိဿာခန့်အား တွေ့ရှိရသဖြင့် အဆိုပါဝိုင်ယာကြိုးများအား တိုက်အမှတ်(၄၃၆၀)မှ ခိုးယူလာခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် ၎င်းတို့ သုံးဦးအား အမှတ်(၉)နယ်မြေရဲစခန်း (ပ)၁၅/၂၀၂၅၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဝိုင်ယာကြိုးများ ခိုးယူလာသူ
အမျိုးသား သုံးဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။