၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဆိုင်ကယ်ခိုးယူသူ အမျိုးသား နှစ်ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၆ ရက် နံနက် ၆ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ဧရာဝတီလမ်းအရောက်၌ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်နေသူများဖြစ်ကြသည့် ဇေယျာဖြိုး(၂၃)နှစ်နှင့် ကောင်းဆက်ပိုင်(၂၂)နှစ်တို့ နှစ်ဦးအား ဆိုင်ကယ် တစ်စီးဖြင့် မသင်္ကာဖွယ်တွေ့ရှိရ၍ စစ်ဆေးမေးမြန်းခဲ့ရာ အဆိုပါဆိုင်ကယ်နှင့်ပတ်သက်၍ ၎င်းတို့ပိုင်ဆိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိဘဲ ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇေယျာဖြိုးနှင့် ကောင်းဆက်ပိုင်တို့ နှစ်ဦးအား ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)မြို့မရဲစခန်း (ပ)၅၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၌ ဆိုင်ကယ်ခိုးယူသူ အမျိုးသား
နှစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။