Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ နှစ်လုံး/ သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဇွန် ၂၆ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကွမ်းတော-နတ်မာလမ်းဘေး၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ တပ်ကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ တပ်ကုန်းမြို့နယ်၊ သပြေကုန်းကျေးရွာနေ သန်းဌေး(၄၉)နှစ်အား ဆိုင်ကယ် တစ်စီးနှင့်အတူ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့် ဖမ်းဆီးရမိခဲ့သောကြောင့် သန်းဌေး အား တပ်ကုန်းမြို့မရဲစခန်း (ပ)၆၃/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစား
ပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။