၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလ မြို့နယ်၊ ရွှေလှေချောင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် တောင်သူများအား စိုက်ပျိုးရေးနည်းစနစ် နည်းပညာပေးဆွေးနွေးခြင်းနှင့် ပိုးမွှားရောဂါ ကာကွယ် နှိမ်နင်းခြင်း အသိပညာပေး အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ရွှေလှေချောင်ကျေးရွာအုပ်စု ဘုန်းတော်ကြီး ကျောင်း၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် တောင်သူများအား စိုက်ပျိုးရေးနည်းစနစ် နည်းပညာပေး ဆွေးနွေးခြင်းနှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း အသိပညာပေး အခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။