၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံ မြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်း၌ လမ်းလျှောက်လာသူ ဖူးပွင့်သွယ်(ခ)စန်းစန်းထွေး (ခ)သေးသေး(၂၉)နှစ်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြား (တစ်ပြားလျှင် ၁,၀၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် သိန်း ၄၀၀) ဖမ်းဆီးရမိသဖြင့် ဖူးပွင့်သွယ်(ခ)စန်းစန်းထွေး(ခ)သေးသေး အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။