၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော် ဆိုင်ကယ်များ လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့မော်တော် ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများဖြစ်သည့် မော်လမြိုင်မြို့၊ မြိုင်သာယာ(၁)လမ်းနေ တင်အောင်လေး (ခ)အရှာဘီ(၄၂)နှစ်၊ မောင်းတစ်လုံးရပ်ကွက်နေ သန်းစိန်(၄၅)နှစ်၊ စစ်ကဲကုန်းရပ်ကွက်နေ အောင်လင်း (၃၆)နှစ်၊ ကျိုက်ဖနဲရပ်ကွက်နေ ကိုကိုရဲဟိန်း(၂၆)နှစ်၊ မြေနီကုန်းရပ်ကွက်နေ မြမြအေး(၃၄)နှစ်တို့အား လည်းကောင်း။
အလားတူ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာနေ သန်းစိုးအောင်(၃၁)နှစ်၊ မုဒုံမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော် ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ မုဒုံမြို့၊ မြို့မ(၁)ရပ်ကွက်နေ စိုးဦး(ခ)ငမော့(၁၉)နှစ်၊ ဘီးလင်း မြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဘီးလင်းမြို့၊ ကန်သာယာ ရပ်ကွက်နေ အောင်ဝင်းဦး(၂၉)နှစ်တို့အားလည်းကောင်း။
ထို့အပြင် ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ များဖြစ်သည့် ဝင်းထက်ဟိန်း(ခ)ဒီမို(၃၁)နှစ်နှင့် တောင်သူစုရပ်ကွက်နေ အောင်ထွန်းလေး(၃၀)နှစ်အား လည်းကောင်း၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အောင်ဆန်းကို (၂၀)နှစ်အားလည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။