Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိ၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌  မော်တော်ဆိုင်ကယ် နှစ်စီး တိုက်မိ၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇွန် ၂၇ ရက် မွန်းလွဲ ၃ နာရီ ၃၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်း မြို့နယ်၊ ကျောက်တိုင်လမ်းဆုံ ရန်ကုန်-မန္တလေးသွားကားလမ်း မိုင်တိုင်အမှတ် ၂၇၂ မိုင် ၇ ဖာလုံနှင့်  ၈ ဖာလုံအကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရမည်းသင်းမြို့၊ ရွှေစည်းခုံရပ်ကွက်ကြီး၊ သစ္စာလမ်းအတိုင်း မြို့မရပ်ကွက်ကြီးနေ သက်နောင်ဆွေ(၄၂)နှစ် မောင်းနှင်လာသည့် GLE-BIKE အပြာရောင် ဘက်ထရီ ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ ရန်ကုန်-မန္တလေးသွားကားလမ်းပေါ်သို့ ဖြတ်တက်စဉ် လမ်းမကြီးအတိုင်း ရမည်းသင်းမြို့၊ ပျဉ်ပြားကျေးရွာနေ တိုးအောင်(၃၀)နှစ် မောင်းနှင်လာသည့် MDY/69W-XXXX HONDA DREAM 125 ဆိုင်ကယ်နှင့် ဝင်ရောက်တိုက်မိခဲ့သဖြင့် သက်နောင်ဆွေနှင့် တိုးအောင်တို့ နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် သက်နောင်ဆွေ အား ရမည်းသင်း မြို့မရဲစခန်း ယာဉ်(ပ)၂၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိပါသည်။ 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ မော်တော်ဆိုင်ကယ်နှစ်စီး တိုက်မိ၍ အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။