Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၃၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်း ဖမ်းဆီးရမိ

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၄ ရက် နံနက် ၅ နာရီတွင် ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ ရန်ကုန်မှ ထားဝယ်သို့ ဟိန်းလတ် မောင်းနှင်ပြီး နေလင်းထိုက်(ခ)မဲကြီးနှင့် ကောင်းစုညီ(ခ)စည်သူတို့ လိုက်ပါလာသော TNI-3 6C-XXXX NISSAN ၆ ဘီးမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၉ သိန်း(တစ်ပြားလျှင် ငွေ ၁၅၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁.၃၅ ဘီလီယံ) ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်မှ တစ်ဆင့် ထားဝယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့သုံးဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ 

တရားခံ ဟိန်းလတ်၊ နေလင်းထိုက်(ခ)မဲကြီးနှင့် ကောင်းစုညီ(ခ)စည်သူတို့အား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။