Language: Myanmar English

မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ

     တိုင်းဒေသကြီး၊ ပြည်နယ်များ၌ လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၈ ရက်တွင် မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၁၀ စီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

      ထိုသို့ ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်ခဲ့ရာ ဇွန် ၂၈ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပေါင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်၌ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်စဉ် အဆိုပါရပ်ကွက်နေ ညီညီမင်းထက်(ခ)ညီညီ (၁၇)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။

      အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် သထုံမြို့နယ်၊ သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သထုံမြို့နယ်၊ သုဓမ္မဝတီမြို့သစ်၊ သထုံ-ဘားအံကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် သထုံမြို့နယ်၊ အုန်းခဲရပ်ကွက်နေ ကျော်သီဟ(၃၁)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် သရက်ညီနောင်ကျေးရွာနေ ခင်ဇော်(၃၉)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အားလည်းကောင်း။

     အလားတူ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် အဆိုပါရပ်ကွက်နေ ဆန်းလင်းထွန်း(ခ)သားသား(၂၆)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။

     အလားတူ ညနေ ၆ နာရီတွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ၊ မြို့ရှောင်လမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် လက်ပြကျေးရွာနေ သန်းထွန်း(၅၅)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား လည်းကောင်း။

      အလားတူ ညနေ ၆ နာရီတွင် ပေါင်မြို့နယ်၊ မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပေါင်မြို့နယ်၊ နတ်ကြီးချောင်းကျေးရွာထိပ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်၌ ယာဉ်စစ်ဆေးခြင်းများ‌ ဆောင်ရွက်စဉ် နတ်ကြီးချောင်းကျေးရွာနေ နေထက်ပိုင်(၂၁)နှစ်‌ မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။

   အလားတူ ညနေ ၆ နာရီ ၁၀ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိရပ်ကွက် ဇေယျာ(၁)လမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့၊ ရွှေပြည်အေးရပ်ကွက်နေ ကောင်းမြတ်(၃၈)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။

    အလားတူ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ချောင်းဆုံမြို့နယ်၊ ချောင်းဆုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ချောင်းဆုံမြို့နယ်၊ မုဒူးကျေးရွာအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် ချောင်းဆုံမြို့နယ်၊ မုဒူးကျေးရွာနေ ပြည့်ဖြိုးအောင်(၃၀)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။

    အလားတူ ညနေ ၆ နာရီ ၃၀ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ငန်းတေးလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ သက်ပိုင်စိုး(၁၉)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။ 

     အလားတူ ည ၇ နာရီ ၃၀ မိနစ်တွင် သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၊ ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာနေ မြင့်နိုင်ဝင်း(၄၅)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ညီညီမင်းထက်(ခ)ညီညီ၊ ကျော်သီဟ၊ ခင်ဇော်၊ ဆန်းလင်းထွန်း(ခ)သားသား၊ သန်းထွန်း၊ နေထက်ပိုင်၊ ကောင်းမြတ်၊ ပြည့်ဖြိုးအောင်၊ သက်ပိုင်စိုးနှင့် မြင့်နိုင်ဝင်းတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံများ။