Language: Myanmar English

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာနေ ဂျိုးဇက်(၄၁)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၀၀၀ ပြား (တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၁၉ သိန်း) ဖမ်းဆီးရမိသဖြင့် ဂျိုးဇက် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
 
 
ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။