၂၀၂၅ ခုနှစ်၊ ဇွန် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့၊ ရပ်ကွက်(၂)၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၌ လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ ခွန်မောင်ကံ(၂၉)နှစ် မောင်းနှင်သည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၃,၂၀၀ ပြား (တစ်ပြားလျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၁၆ သိန်း) ဖမ်းဆီးရမိသဖြင့် ခွန်မောင်ကံ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။